ခရမ်းမြို့နယ်တွင် နိုင်ငံဝန်ထမ်း၊ ပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများ ဖြန့်ဖြူးရောင်းချခြင်း

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများကို ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ၂၅.၆.၂၀၂၅ ရက်နေ့၊ နံနက်(၆:၃၀)နာရီအချိန်မှစ၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း (၁)ဦးလျှင် ဆီ(၂.၇၅)ပိဿာ၊ (၁)ဗူးစီ ရောင်းချပေးပြီး ဆီဗူးပေါင်း (၁၁၂၀)ဗူးခန့်ကို မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းအဖွဲ့ဝင်ကိုယ်စားလှယ်များက လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)