
အမေရိကန်အစိုးရက ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် သတ်မှတ်ထားသော အခွန်များ (tariffs) ကို တိုးမြှင့်နိုင်ခြင်းကြောင့်၊ ထိုင်းရှိ ထုတ်လုပ်သူများနှင့် စက်မှုလုပ်ငန်းများက သတိ ထားအာရုံစိုက်လာပြီး “ကြိုတင်ထုတ်လုပ်မှု (Front-loaded Production)” နည်းလမ်းကို အသုံးပြု လာနေကြပြီ ဖြစ်ပါတယ်။“အခွန်တိုးမြှင့်မှုဟာ တင်ပို့ကုန်ကျစရိတ်များကို ထိခိုက်စေနိုင်တာကြောင့်၊ ကြို တင်ထုတ်လုပ်ပြီး စတော့အနေနဲ့သိမ်းထားတာက ပိုမိုတုံ့ပြန်နိုင်တဲ့ မဟာဗျူဟာဖြစ်ပါတယ်။”လို့ ကုန် ထုတ်လုပ်သူအချို့က ပြောကြားထားသည်ကိုလည်း တွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံအနေဖြင့် မိမိ ကုန် ပစ္စည်းများကို အမေရိကန်အချို့အခွန်ကင်းသောအခြေအနေအဖြစ်ထားနိုင်ရန် ကုန်သွယ်ရေး ညှိနှိုင်း မှုများ ကို ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံ၏ သတင်း တင်ဆက်မှုများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)