ဆီကျော်မုန့်အမျိုးမျိုးထုတ်လုပ်သူလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား အသိပညာပေး ရှင်းလင်းခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဆီကျော်မုန့် အမျိုးမျိုး ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၆-၆-၂၀၂၅ ရက်နေ့ နေလည် (၁၃၀၀)နာရီက ဆန်းသစ် ဆီကျော်မုန့် မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်များအား မအူပင်ခရိုင် ဦးစီးမှူးရုံးတွင် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မအူပင်လေးအိမ်စု ကျေးရွာရှိ ဆန်းသစ် ဆီကျော်မုန့် ထုတ်လုပ်သူလုပ်ငန်းရှင်နှင့် မအူပင်ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးတို့တွေ့ဆုံ၍ ဈေးကွက်မရောက်မီ ထုတ်ကုန်များအပေါ်တွင် စားသုံးသူ သိရှိနိုင်စေရန် ကုန်စည် အမှတ် တံဆိပ်၊ အသားတင်ပမာဏ၊ ပါဝင်သည့် ကုန်ကြမ်း ပစ္စည်းများ၊ ထုတ်လုပ်ရက်စွဲ၊ သတ်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ လိုအပ်ပါက ကျန်းမာရေးဆိုင်ရာ ဓါတ်မတည့်ကြောင်း ဖော်ပြချက်များ၊ ထုတ်လုပ်သူလုပ်ငန်းရှင်၏ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးသည့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို သိသာထင်ရှားစွာဖော်ပြရန်လိုအပ်ကြောင်း၊ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ဖော်ပြရမည့် အချက်များကို လုပ်ငန်းရှင်တို့ သိရှိနိုင်ရန်နှင့် ဆီကောင်းဆီသန့်များကို သုံးစွဲ၍ ပြန်ကျော်ဆီများဖြင့် ထုတ်လုပ်ရောင်းချခြင်း များအပြုလုပ်ရန်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)