မအူပင် အ.ထ.က -၁ ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၆.၆.၂၀၂၂ နေ့(၁၂း၁၅) အချိန်တွင်လ မအူပင်မြို့ အ.ထ.က-၁ ကျောင်း မုန့်ဈေးတန်းအား ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်းဆေးခဲ့ကြပါသည်။
ထိုသို့ စစ်ဆေးရာတွင် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နှ တာဝန်ရှိသူ စစ်ဆေးရေးမှူးက ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်ခြင်းရှိ-မရှိကို စစ်ဆေးပြီး မုန့်ဆိုင်ရောင်းချသူများအား ကျောင်းမုန့်ဈေးတန်းတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော မုန့်များရောင်းချနေမှုကို တွေ့ရှိရပြီး စားသုံးရန်မသင့်သော မုန့်များနှင့် ကလေးများ ဝမ်းပျက်ဝမ်းလျောစေမည့် လက်လုပ်ချဉ်မုန့်များကို မရောင်းချရန်၊ မြန်မာထမင်းနှင့် ဟင်းများရောင်းချခြင်း၊ မြန်မာမုန့်များကို ယင်မနားစေဘဲ သန့်ရှင်းသပ်ရပ်စွာထားသိုရောင်းချရန်၊ ဈေးဆိုင်ခန်းပတ်ဝန်ကျင် သန့်ရှင်သပ်ရပ်မှုရှိစေရန်၊ ရောင်းချသူ ဆိုင်ရှင်များ တစ်ကိုယ်ရည်ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပီဲးမှ ရောင်းချရန် တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကျောင်းမုန်းဈေးတန်းရှိ မုန့်ဆိုင် (၁၂)အား ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)