
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှု၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုတို့ဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်လျက်ရှိရာ ၂၇.၆.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့ ကွင်းနောက်ရပ်ကွက်ရှိ အ.ထ.ကခွဲ ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့ ကွင်းနောက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲလေးသို့ သွားရောက် ခဲ့ရာ မြို့နယ်တာဝန်ခံနှင့် ဒုဦးစီးမှူးတို့က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများတို့ကို ဟောပြောပို့ချခဲ့ပါသည်။ ထိုအသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၈၀ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(ပဲခူး)