ညောင်လေးပင်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် Signal သွားတိုက်ဆေးပုံစံတူ (အတုအပ)များ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့်  ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၂၆.၆.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် Signal သွားတိုက်ဆေး အတုများ ရောင်းချနေခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် မြို့မဈေးတာဝန်ခံနှင့်အတူ  ညောင်လေးပင်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံက လတ်တလောအနေဖြင့် ဈေးကွက်အတွင်းတွင် Signal သွားတိုက်ဆေးပုံစံတူ (အတုအပ)များ ရောင်းချနေသည်ဟု ကြားသိရကြောင်း၊ Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်းမပြုရန်၊  အတုနှင့်အစစ် ခွဲခြားပုံ နည်းလမ်းများကိုလည်းပြသခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် သွားတိုက်ဆေးများကိုသာ ရောင်းချကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)