မြန်မာနိုင်ငံရှိ ထားဝယ်စီးပွားရေးအထူးဇုန် (Dawei SEZ) နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူစာချုပ်များကို ဇွန်လ ၁၉ ရက်နေ့တွင် ရုရှားနိုင်ငံ စိန်ပီတယ်စဘတ်မြို့ St. Petersburg International Economic Forum (SPIEF) ၌ ချုပ်ဆိုခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါသဘောတူစာချုပ်များကို မြန်မာနိုင်ငံမှ ဥပဒေရေးရာဝန်ကြီး ဦး ထွန်းထွန်းဦး နှင့် ရုရှားဘက်မှ စီးပွားရေးသမားအချို့၊ အစိုးရအရာရှိများ တက်ရောက်ခဲ့ကြပါတယ်။ သဘောတူချက်များတွင် သဘာဝဓာတ်ငွေ့အပါအဝင် စွမ်းအင်ထုတ်လုပ်ရေး၊ ထားဝယ်စီးပွားရေးအထူးဇုန်၌ ရင်းနှီးမြှုပ်နှံမှုအလား အလာများ၊ ထားဝယ်စီးပွားရေးအထူးဇုန်ဒေသမှ အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်ရေးနှင့် မော်တော်လမ်း၊ ဆိပ်ကမ်းနှင့် ဘူတာရုံစနစ်တိုးချဲ့မှုစသည်တို့ပါဝင်ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
ရုရှားနှင့် မြန်မာတို့သည် စွမ်းအင်ကဏ္ဍအပါအဝင် စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်များ ချုပ်ဆို
Powered by Drupal