
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားအုန်းဆီကိုယ်စားလှယ်များ စားအုန်းဆီပြန်လည် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇွန်လ (၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ စားအုန်းဆီ ကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်တို့သည် ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးသိန်းထွဋ် ကုန်စုံဆိုင်၊ ဗိုလ်ချုပ်လမ်း ပိန္နဲကုန်းကျေးရွာရှိ ဦးဇော်လတ်စိုး ကုန်စုံဆိုင်၊ ကျိုက်ထော်မြောက်ကျေးရွာရှိ ဒေါ်ခင်ပြုံးဝေ ကုန်စုံဆိုင်စသည့် စားအုန်းဆီ ကိုယ်စားလှယ်အရောင်းဆိုင်များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ကော့မှူးမြို့နယ် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကား ရည်ညွှန်းဈေးကို အပတ်စဉ် တနင်္လာနေ့တိုင်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန် ကြေညာပေးလျက်ရှိရာ ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့များအနေဖြင့် စားသုံးဆီဈေးနှုန်းများ မြင့်တက်မှုမရှိစေ ရေး ကြပ်မတ်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများအား ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် စားအုန်းဆီ ကိုယ်စားလှယ်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)