လှိုင်သာယာမြို့နယ်တွင် အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၂၇.၆.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးနှင့်ဝန်ထမ်းများသည် Online Slae ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လှိုင်သာယာမြို့နယ်၊ အမှတ်(၁)၊ အခန်း(၂၀၂)၊ မြင်းကမ္ဘာလမ်း၊ ထီးလှိုင်ရှင်အိမ်ရာရှိ အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုအရောင်းဆိုင်သို့ သွား ရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော လုပ်ငန်းအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း မြေပြင်တွင် လုပ်ငန်းအမှန်တကယ်ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုရှိ/မရှိတို့အား မေးမြန်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍လည်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)