မန္တလေးတိုင်းဒေသကြီးမှ ဇွန်လတွင် အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးအား ဦးစားပေးကုန်စည်သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဒေသကြီးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုစနစ်တကျ ဖြစ်စေရန် နှင့်ထိရောက်မှုရှိစေရန်အတွက် စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် အခြေအနေ များကိုထည့်သွင်းစဉ်းစားကာ ဦးစားပေး ကုန်စည်(၁၀) မျိုးသတ်မှတ်၍ လအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအမံများအား မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူပြီးဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ဇွန်လတွင် ဦးစားပေးကုန်စည်အဖြစ်သတ်မှတ်ထားသော အသင့်စားခေါက်ဆွဲ ခြောက်အမျိုးမျိုးအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စုံဆိုင်၊စတိုးဆိုင်များသို့ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး တင်သွင်းရောင်းချနေသည့်စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့်တားမြစ်ချက်များ၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ (၃-၁၂-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ပါရှိရမည့်ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များ ပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍လည်း လအလိုက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)