
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်း ခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်း အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဖြေရှင်းရန်ကျန် တိုင်ကြားမှုများအပေါ် ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ ဈေးကွက်အတွင်း ဦးစားပေးကုန်စည်များ သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး မှုအခြေအနေများအား ညှိနှိုင်းဆွေးနွေးရန်အတွက် (၂၅-၆-၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ဥက္ကဌနှင့်အဖွဲ့ဝင် စုစုပေါင်း(၉) ဦး တက်ရောက်ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ထုတ်ကုန် လုံခြုံ စိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား အမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ရာတွင် ယခင် (၄/၂၀၂၅) စားသုံးသူရေးရာကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်မှုအခြေအနေများ၊ ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် စားသုံးသူ တိုင်ကြားမှု၊ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်တိုင်ကြားမှုများ၊ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဖြေရှင်းဆောင်ရွက်ရန် ကျန်ရှိသည့် အမှုများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား တင်ပြ ဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစား နှင့်ပတ်သက်၍ ဆက်လက်ဆောင် ရွက်နိုင်ရေးနှင့်မှတ်တမ်းတင်ထားရှိနိုင်ရေး တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာကြသည့် ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြမှုများအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၀:၂၀) နာရီအချိန် ပြီးစီးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)