
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ MC (6/2025) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။
ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်းရေးမှူးမှ (5/2024-2025) အစည်းအဝေးဆုံးဖြတ်ချက် များအား အတည်ပြုချက်ရယူခြင်းနှင့် (6/2025) အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်း တင်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး MC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)