သက်တမ်းလွန်စားသောက်ကုန်ပစ္စည်း စစ်ဆေးတွေ့ရှိမှု

Powered by Drupal

   (၃၀.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းချောင်းကျေးရွာအုပ်စု၊ အောင်သုခ(၃)လမ်း၊ အမှတ်(၂၄၄)နေ ဉီးကျော်တင်လတ်(ဘ)ဉီးသိန်းလွင်ထံမှ သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ယိုးဒယားအသားကင်/အသားလုံးမျိုးစုံ၊ ပီနန်အိတ်(၁၇)အိတ်အား စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးခြင်းလုပ်ငန်းအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်သီတာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးစောတာကလူထူး၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးစိန်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဉီးခင်ဇော်အောင်၊ စားသုံးသူ ရေးရာဉီးစီးဌာနမှ ဒုဉီးစီးမှူး၊ ဒေါ်လဲ့လဲ့စိုးနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်း အဖွဲ့က သက်တမ်းလွန်ယိုးဒယားအသားကင်/အသားလုံး စားသောက်ကုန်ပစ္စည်းများအား ဖျက်ဆီးနိုင်ရေး မြို့နယ်ပတ်ဝန်းထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနဖြင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)