စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်( ၄.၈.၂၀၂၂ ) ရက်နေ့၊ နံနက်( ၁၁:၀၀ ) နာရီအချိန်တွင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         အဆိုပါဟောပြောပွဲတွင် ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းနှင့် ဤဥပဒေတွင် စားသုံးသူအခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်းဒေသကြီး၊  ပြည်နယ်များရှိ Consumer Information& Complaint Center (CICC) များနှင့် Consumer Call Center များသို့ ခေါ်ဆို၍ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း( ၆၅ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)