FDA ထောက်ခံချက်မပါရှိသော Dumex အမှတ်တံဆိပ် ကလေးနို့မှုန့်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိမိတို့ဌာန၏ ပင်မလုပ်ငန်းများအတွက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး မိတ်ဖက်ဌာနများနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ (၄.၈.၂၀၂၂)ရက်နေ့ ညနေ(၁၅:၃၀)အချိန်မှ (၁၆:၃၀)အချိန်ထိ (FDA) အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်း၍ တရားမဝင်ထောက်ခံချက်မရှိသော Dumex အမှတ်တံဆိပ် ကလေးနို့မှုန့် (550g)၊ (575g)၊ နှင့် (600g)တို့ကို Online Page တွင်ကြော်ငြာပြီး ဈေးကွက်အတွင်း ရောင်းချနေသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်မာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)  တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့၏ ညွှန်ကြားချက်အရ " Smile Mon and Baby Essential Store " ကလေးပစ္စည်းအရောင်းဆိုင်သို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာ FDA ထောက်ခံချက်မရှိသည့် Dumex အမှတ်တံဆိပ် ကလေးနို့မှုန့် (550g) နှင့် (600g)တို့ကို စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါ ကုန်ပစ္စည်းများကို ကြော်ငြာရောင်းချခြင်းမပြုရန် ဝန်ခံကတိလက်မှတ်ရေးထိုးစေ၍ နောက်နောင် ကုန်ပစ္စည်းများတင်သွင်းဖြန့်ဖြူးရောင်းချမည်ဆိုပါက တရားဝင်ထောက်ခံချက်ပါသော ကုန်ပစ္စည်းများ သာရောင်းချရန် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)