စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ ကော့ကရိတ်ခရိုင်ဦးစီးမှူး ဦးသက်လွင်၊ ကြာအင်းဆိပ်ကြီးခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး တို့သည် ၄-၈-၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ရပ်ကျေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များ၊ စားသောက်ကုန်ပစ္စည်းများ၊ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန် ကုန်ပစ္စည်းများ၊ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ / မရှိ အခြေအနေနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ပါ ညွှန်ကြားချက်နှင့်အညီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများထုတ်ကုန်လုံခြုံစိတ်ချရမူရှိစေရန်အတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းအကြောင်းနှင့် အခန်း(၂၄)ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းတို့ကို စားသုံးသူရေးရာဦးစီးဌာနက အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပါသည်။ ထိုနောက် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် ကြည်ရှု့လေ့လာနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)