နန္ဒဝန်ဈေးသစ်ရှိ ကြက်ဟင်းခါးသီးဈေးနှုန်း

Powered by Drupal

    မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိမိတို့နေအိမ်များနှင့် လယ်ယာမြေ များတွင် သီးပင်စာပင်များကို စီးပွားဖြစ်စိုက်ပျိုးကြရာ ကြက်ဟင်းခါးသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြပါသည်။ စိုက်ပျိုးရရှိသော ကြက်ဟင်းခါးသီးများကို ခူးဆွတ်ပြီး မြို့ပေါ်သို့ လာရောက်ရောက်ချကြပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် မုံရွာမြို့ ၊ နန္ဒဝန်ဈေးသစ်တွင် ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အတောင့်ရှည် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင် (၂၃၀၀)ကျပ်ဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။   

DOCA(စစ်ကိုင်း)