ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

   ဇွန်လ၊ စတုတ္ထအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၉၄၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၉၂၀၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၂၃၀၀ဝိ/-)၊ MCတံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင် (၁၆၄၀၀ဝိ/-)ကျပ်၊  ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ(၁၁၆၀၀ဝိ/-)ကျပ်နှင့် ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၂၂၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် ပိုးသတ်ဆေးတစ်လီတာတစ်ဗူးလျှင်(၇၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင် တံဆိပ်ထိသေ/စားသေ(အဆိပ်ငွေ့) 100ccတစ်ဗူးလျှင်(၃၀၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့)ပိုးသတ်ဆေးမှာ ဈေးကွက်အတွင်းပစ္စည်းပြတ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ လည်းပုံမှန်သာဖြစ်ကြောင်း ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)