စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇွန်လ (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၄၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ ၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။
ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ၄၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ ၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ ၊ ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။
အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်) ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၈၅၀,၀၀၀၊ ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀,၀၀၀၊ မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၀၀၀၀၊ ရွှေသွယ်ရင် (စပါး)(သစ် ) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀,၀၀၀၊ ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများ အပါအဝင် ကုန်သွယ်ရောင်းဝယ်သိုလှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခု ဇွန်လ တတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ ရွှေဘို ပေါ်ဆန်း (စပါး) ဈေးနှုန်းမှာ ဈေးနှုန်းဈေးကွက်အတွင်း ဝယ်လက်များနေ ချိန်ဖြစ်သောကြောင့် ဇွန်လ ဒုတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက် လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)