
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကားလျက်ရှိသည့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။
ကန်ဇွန်းဥကိုပြုတ်စားတာဘဲဖြစ်ဖြစ် ကြော်စားတာဘဲဖြစ်ဖြစ် သာကူနဲ့ကျိုစားတာဘဲဖြစ်ဖြစ် ပဲဟင်းချိုထဲထည့်တာဘဲဖြစ်ဖြစ် စားလိုရပြီး ဒီလိုအမျိုးမျိုးလုပ်စားလိုရတဲ့ ကန်ဇွန်းဥက စားကောင်းရုံ တင်မကပဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာကိုလည်း တွေ့ရှိရပါသည်။ ကန်ဇွန်းဥမှာ အဟာရဓါတ် များစွာပါဝင်သည့်အတွက် ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း နှင့် လေးဘက်နာကြောင့် နာကျင်မှုကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးတွေရရှိနိုင့်သည့်အတွက် ကန်ဇွန်းဥကို စားသုံး သင့်ကြောင်းသိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ကန်ဇွန်းဥ လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်း များဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)