မုံရွာမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ (၂) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  မုံရွာခရိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်း ဆိုင်များအား စက်သုံးဆီ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှု ရှိ/မရှိ၊ စက်သုံး ဆီပြတ်လပ်မှု ရှိ/ မရှိ နှင့် စက်သုံးဆီလက် ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် မုံရွာမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်း ဈေးအတွင်းသာ ရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးအလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)