မြန်မာ့ရိုးရာအချိုပွဲဈေးနှုန်းများ

Powered by Drupal

    အချိုပွဲသည် မြန်မာလူများ၏ ဆွမ်းကပ်၊ အလှူပွဲ၊  မင်္ဂလာဧည့်ခံပွဲများတွင် မပါမဖြစ် တည်ခင်းဧည့်ခံကြပြီး ဧည့်ခံပွဲများရှိပါက လူအများစု၍ ဘုန်းကြီးကျောင်းများ၊ အိမ်များတွင် အချိုပွဲဟုခေါ်သည့်မုန့်မျိုးစုံကို ကိုယ်တိုင်ပြုလုပ်၍ ကျွေးမွေးကြကြောင်း၊ အလှူပွဲများ၊ မင်္ဂလာဆောင်များရှိမှသာ စားရသည့် အချိုပွဲများကို မုန့်ရောင်းချသည့် ဈေးသည်များမှလည်း သရေစာမုန့်အဖြစ်ရောင်းချကြကြောင်း၊  အချို့စားသုံးသူများမှာ အချိန်ကုန်သက် သာစေရန်နှင့် လွယ်ကူလျင်မြန်စေရန်အတွက် မှာယူ၍ဝယ်ယူစားသုံးကြကြောင်း၊ မြန်မာ့ရိုးရာအချိုပွဲတွင် ဆနွင်းမကင်း၊ ဌက်ပျောပူတင်း၊ အာလူးပူတင်း၊ ကျောက်ကျောစသည်ဖြင့် အမျိုးမျိုး ရှိကြောင်း၊ ရွှေဘိုမြို့၌ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမ)ပတ်တွင် ရောင်းချနေသော အချိုပွဲဈေးနှုန်းများ မှာဆနွင်းမကင်း(၁)တုံးလျှင် (၄၀ဝိ/-)ကျပ်၊ ဌက်ပျောပူတင်း(၁)တုံးလျှင် (၄၀ဝိ/-)ကျပ်၊ အာလူးပူတင်း(၁)တုံးလျှင် (၄၀ဝိ/-)ကျပ်၊ ကျောက်ကျော (၁)တုံးလျှင်(၄၀ဝိ/-)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး မြန်မာ့ရိုးရာအချိုပွဲများကို စားသုံးရန်၊ လှူဒါန်းရန်နှင့် လက်ဆောင်ပေးရန်အတွက် အများဆုံးဝယ်ယူကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)