စားသုံးသူဆိုင်ရာအကြောင်းသိကောင်းစရာများ အသိပညာပေးအားTalk Show အစီအစဉ်ဖြင့် ဆွေးနွေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန တို့ပူးပေါင်း၍ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် စားသုံးသူဆိုင်ရာ အကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ၂၀၂၂ခုနှစ် သြဂုတ်လ(၅) ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   ၎င်းTalk Show အစီအစဉ်ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေမှူးမှ အဖွင့်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးမှ ဌာနစတင်ဖွဲ့စည်းခြင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အဓိပါယ် ကိုရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းခြင်းအကြောင်းနှင့် ဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်များ၊ စားသုံးသူများ၏ နစ်နာ မှုနှင့် တိုင်ကြားနိုင်သည့်နေရာများအား အများပြည်သူ ဗဟုတုတဖြစ်ဖွယ် အသိပညာပေး ဟော ပြောခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာသို့ လူကိုယ်တိုင်ဖြစ်စေ ၊စာဖြင့်ဖြစ်စေ Website ဖြင့်ဖြစ်စေ၊ DOCA Myanmar application ဖြင့်ဖြစ်စေတိုင်ကြား၍ရနိုင်ကြောင်းနှင့် စားသုံးသူအသိပညာပေးခြင်း၏ရည်ရွယ်ချက်များအကြောင်း ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)