နှင်းသီး(ခေါ်)လောင်ကန်သီးဈေးနှုန်း၊ဈေးကွက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးများကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ  ဝင်ရောက်လျက်ရှိ‌ကြောင်း သိရသည်။

    နှင်းသီး(ခေါ်)လောင်ကန်သီးသည် အရည်ရွှမ်း၍ ချိုပြီးအရသာရှိသော အသီးဖြစ်သော ကြောင့်သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း နှင်းသီး (ခေါ်)လောင်ကန်သီးဈေးနှုန်းမှာ နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)လောင်ကန်သီး (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်) လောင်ကန်သီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်ရှိခဲ့ရာ  ဇူလိုင်လ ပထမပတ်အတွင်း နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)‌လောင်ကန်သီး(၅၀)ကျပ်သားလျှင် (၁၀၀၀၀) ကျပ်၊ နှင်းသီး(ခေါ်) လောင်ကန်သီး (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခင် အပတ်ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ လူကြီးလူငယ် မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင်ရောင်းချ လျက်ရှိသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)