
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကားရောင်းချလျက်ရှိရာ ဇွန်လ တတိယပတ်၏ အမဲသားဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲ သား) လက္ကားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း)လက္ကားတစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှင့် အမဲရိုး တစ်ပိဿာ (၁၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဇွန်လ စတုထ္ထပတ်တွင် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာ လျှင်(၂၆၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာ လျှင်(၂၂၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ အမဲပု ဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာ လျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင်(၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက အသားဈေး အနည်းငယ်မြင့်တက် လာကြောင်း အမဲသားသည် ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)