မုံရွာမြို့၊ သံလမ်းဈေးရှိ ဆလပ်ရွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

ဆလပ်ရွက်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်ပါသည်။ အထူးသဖြင့် သံနုန်းမြေများတွင် သဘာဝနွားချေးမြေဆွေးများကို ထည့်သွင်းစိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းသော အပင်မျိုးဖြစ်ပါသည်။ အစိုဓာတ်ကို နှစ်သက်သော အပင်တစ်မျိုးဖြစ်ပြီး ရေကိုများများလောင်းပေးရန် လိုအပ်ပါသည်။ ဆလပ်ရွက်ကို မုန်လာရွက်(အစိမ်းရောင်း) ဟုလည်းခေါ်ကြပါသည်။ ဆလပ်ရွက်သည် တို့စရာဟင်းလျာအဖြစ်လည်းကောင်း၊ အသုပ် များသုပ်စားရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။
မုံရွာမြို့၊ သံလမ်းဈေး၌ ဇွန်လ စတုတ္ထပတ်တွင် ဆလပ်ရွက်တစ်စည်းလျှင် (၄၀၀)ကျပ်မှ (၅၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)