
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးများကို မန္တလေးမြို့ ရှိသစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။
၂၀၂၅ ခုနှစ် ၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ လျက်ရှိသော သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော် သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင် (၁၅၀၀မှ ၄၀၀၀)ကျပ်၊ ဒေသထွက်ငှက်ပျော ဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀မှ ၄၀၀၀)ကျပ်၊ စပျစ်သီးတစ်ပိဿာလျှင် (၂၀၀၀၀မှ ၂၃၀၀၀) ကျပ်၊ ဖရဲသီးတစ်လုံးလျှင်(၄၀၀၀မှ ၆၀၀၀)ကျပ်၊ သခွားမွှေးတစ်လုံးလျှင်(၃၅၀၀မှ ၅၀၀၀) ကျပ်နှင့် လိမ္မော်သီးတစ်ပိဿာလျှင် (၂၀၀၀၀မှ ၂၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)