ကယားပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းနှင့် အသား၊ငါးဈေးနှုန်း

Powered by Drupal

ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဈေးနှုန်း မြှင့်တင်ရောင်းချမှုများ မရှိစေရန် ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများပြုလုပ်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အသား၊ ငါးဈေးနှုန်းများ မှာ ကြက်(CP)အသားတိုး တစ်ပိဿာလျှင် (၁၈၀၀၀/-)ကျပ်၊ ကြက်(CP)ဥနှုန်းကျ တစ်ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ကြက်(ဗမာ) တစ်ပိဿာလျှင်(၃၂၀၀၀/-)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင်(၃၅၀၀၀/-)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင်(၂၄၀၀၀/-)ကျပ်၊ ငါးခူ တစ်ပိဿာလျှင်(၂၀၀၀၀/-) ကျပ်၊ အာပြဲခြောက် တစ်ပိဿာလျှင်(၃၄၀၀၀/-)ကျပ်၊ ငါးတံခွန် တစ်ပိဿာလျှင်(၁၈၀၀၀/-) ကျပ်စီဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အသား၊ ငါးရောင်းချသူများထံမှ သိရှိရပါသည်။
အခြေခံစားသောက်ကုန်များဖြစ်သော (အသား၊ ငါး)များအား အဆမ တန်ဈေးနှုန်းမြင့်တင် ရောင်းချခြင်းများ မပြုလုပ်ရန်၊ စည်ပင်သတ်မှတ်ဈေးနှုန်းနှင့် အမှန်တကယ် စားသုံးသူထံ ရောင်းချ သောဈေးနှုန်းများ ကိုက်ညီမှုရှိစေရန် စသည်တို့အား ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တင်ပြအပ်ပါသည်။
DOCA(ကယား)