ကြို့ပင်ကောက်မြို့နယ်အတွင်း အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့မဈေးအတွင်းအပြင် အလှကုန်ပစ္စည်း ရောင်းချသော ဆိုင်များသို့ ၅.၈.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စျေးကွက်အတွင်း FDA ခွင့်ပြုချက်ရှိ/မရှိ ၊ Hologram Sticker နှင့် မြန်မာစာ Labelling များမပါရှိဘဲ ကုန်ပစ္စည်း ဆင်တူယိုးမှား ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          မြို့မဈေးအတွင်းအပြင် အလှကုန်ပစ္စည်းရောင်းချသော ဆိုင်(၄)ဆိုင်ကို စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများတွင် မြန်မာလို ကုန်အညွှန်းအမှတ်အသားများ ပါရှိပြီး Hologram ရောင်ပြန်ကပ် နှိပ်ထားသည့် ပစ္စည်းများသာ ‌ထိုဆိုင်များတွင် ရောင်းချနေသည်ကို စိစစ်တွေ့ရှိရပါသည်။ အလှကုန် ဆိုင်ပိုင်ရှင်များကိုလည်း မည်သည့်အလှကုန်မဆို FDA ထောက်ခံချက် ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှသာ ဝယ်ယူရောင်းချရန် အသိပညာပေး ပြောကြား၍  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)