ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ခရမ်းချဉ်သီးများ စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် ခရမ်းချဉ်သီးများအား တောင်ကြီး ၊ အောင်ပန်း ၊ ကလောတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိ ပါသည်။ မှာယူရသည့်နေရာ ဒေသအခြေအနေနှင့် ခရမ်းချဉ်သီး အလုံးအရွယ်အစားအလိုက် အကြီး၊အသေး ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိပါသည်။ ယခင်ဇွန်လနောက်ဆုံးအပတ် လွိုင်ကော်မြို့အတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၅၀၀မှ၄၀၀၀) အတွင်းရှိပြီး ယခုဇူလိုင်လ ဒုတိယပတ် တစ်ပိဿာလျှင်(၃၀၀၀ မှ ၃၅၀၀) ဈေးထိရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါကကျပ် (၅၀၀) ကွာခြား၍ ဈေးအနည်းကျလာပါသည်။ ဈေးနှုန်းအနည်းငယ်ကျရခြင်းမှာ ခရမ်းချဉ်သီး များ ဝယ်ယူဈေးအနည်းငယ်ကျလာခြင်းကြောင့် ဈေးကျရခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့ သီရိ မင်္ဂလာဈေး အတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။
DOCA(ကယား)
ခရမ်းချဉ်သီးဈေးကွက်အခြေအနေ
Powered by Drupal