အုတ်ဖိုမြို့နယ်တွင် ‌ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ မိုးညိုတန်း ရပ်ကွက် နှင်းဆီလမ်း၌ ( ၈.၈.၂၀၂၂ )ရက်နေ့ ၊ နံနက် (၁၀ : ၀၀ )နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်နှင့် ဒုကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးတို့သည် Gade Land သောက်‌ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ သောက်ရေသန့်များတွင် ထားသို သိမ်းဆည်းပုံအညွှန်း ၊ ထုတ်လုပ်ရက် ၊ ကုန်ဆုံးရက်များ ပြည့်စုံစွာဖော်ပြရန် ၊ ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန် နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)