ပုသိမ်မြို့ခရမ်းသီးဈေးနှုန်းဈေးကွက်

Powered by Drupal

ခရမ်းပင်သည် အာလူး၊ ခရမ်းချဉ်ပင်တို့နှင့် မျိုးတူသည်။ ဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ အရွက်များ၏ အရောင်မှာ စိမ်းဖန့် ဖန့် နေသည်။ အောက်ဘက်တွင် အမွေးနုများရှိသည်။ ပန်းများ ပွင့်ရာတွင် ထီးတည်း ပွင့်သည်။ အရောင်မှာ အဖြူ၊ အဝါ၊ သို့မဟုတ် ခရမ်းရောင်နု ဖြစ်သည်။ အသီးများသီးရာတွင် တွဲလျားသီး၍ ပုံသဏ္ဌာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ ရှည်မြောမြော ဖြစ်သည်။ အရှည်မှာ ၁ လက်မမှ ၁၂ လက်မအထိ ရှိတတ် သည်။ အရွယ်မှာ ငန်းဥအရွယ်မှ လူကြီးကန်သော ဘောလုံး အရွယ်အထိ ရှိသည်။ အရောင်မှာ၊ အဖြူ၊ ခရမ်းရောင်၊ အနီ၊ သို့မဟုတ် အဝါ ဖြစ်သည်။ အခွံသည် ပြောင်ချော၍ တခါတရံ အစင်းများပါသည်။ ခရမ်းသီးများ မှည့်ရန် ၃ လ ၄ လမျှ ကြာသည်။ ခရမ်းသီးသည် အာဟာရဓာတ်ကို ကောင်းစွာ မပေးစွမ်း နိုင်သော်လည်း လူကြိုက်များပေသည်။ ခရမ်းပင်များတွင် ပိုးများ ကျရောက်တတ်သည်။ ပိုးကျလျှင် အရွက်များတွင် အပေါက်ငယ်ကလေးများ ဖြစ်လာသည်။ ထိုအခါ အပင်မကြီးထွားနိုင်တော့ချေ။ ပိုးများကို ကာကွယ်ရန် ဗေါ်ဒိုးမစ္စချာခေါ် အဆိပ်တစ်မျိုးကို အသုံးပြုကြသည်။ ထိုအဆိပ်မျိုးတွင် ဒုတ္ထာအပြင်၊ ထုံးနှင့်ရေကို ၄:၄:၅ အချိုးဖြင့် ရောစပ်ထားသည်။
ခရမ်းမျိုးများမှာ ခရမ်းရှည်၊ ခရမ်းပုအကြီးစား၊ ခရမ်းပုအငယ်စား၊ ခရမ်းကြွပ်၊ ဆင်ခရမ်း၊ မြေပုံခရမ်း၊ ခရမ်းခဆော့၊ ခရမ်းစပ်၊ မြို့ဖျက်ခရမ်း၊ ထောပတ် ခရမ်း၊ လသာခရမ်းနှင့် ဆယ်စွယ်ခရမ်းများ ဖြစ်ကြသည်။ ခရမ်းသီးအကြီးတစ်လုံးလျင် (၅၀၀)ကျပ်မှအသေးတစ်လုံးလျင်(၃၀၀)ကျပ် ရရှိကြောင်းပုသိမ်ဈေးကွက်မှသိရသည်။
DOCA(ဧရာဝတီ)