ပုသိမ်မြို့ရှိ အုန်းသီးဈေးကွက်အကြောင်း

Powered by Drupal

ပုသိမ်မြို့နယ်နှင့်အနီးရှိ ငွေဆောင်၊ ချောင်းသာ ၊ ငရုတ်ကောင်း၊ ဂေါ်ရန်ဂျီ မြို့နယ်များတွင် အုန်းသီး ကိုစီးပွားဖြစ်စိုက်ပျိုးကြသည်။ အုန်းသီးစိမ်းကို အုန်းစိမ်းအရည် သောက်အဖြစ်သောက်သုံးကြသလို ၊ မြန်မာ မုန့်မျိုး စုံများပြုလုပ်ရာတွင်လည်း အုန်းသီးကို အသုံးပြုလေ့ရှိပါသည်။ ယခုအခါတွင်အုန်းသီးမှာ ဈေးကွက် ဝယ်လိုအားကောင်းမွန်လှပါသည်။ အုန်းသီးကို အဆီချ၍ အုန်းဆီထုတ်လုပ်ကျသလို အုန်းထမင်း အဖြစ် လည်းချက်ပြုတ်စားသောက်ကြပါသည်။ ယခုအခါဈေးကွက် အတွင်းရှိ အုန်းသီးဈေးနှုန်းမှာ အလုံးကြီး တစ်လုံး လျှင် ၅၀၀၀ ကျပ်ရှိပြီး၊ အလတ်တစ်လုံးလျှင် ၄၀၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၀၀၀ ကျပ်ရှိ ကြောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)