ဒိုက်ဦးမြို့နယ်အတွင်း အလှကုန်ပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ် ၊ မြို့မဈေးအပြင်တန်းရှိ အလှကုန်ပစ္စည်း အရောင်း ဆိုင်များသို့ ၅.၈.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေး ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း အလှကုန်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိ ၊ FDA ထောက်ခံချက်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မျက်နှာသစ်ဆေးများ ၊ Body Lotion များ ၊ Rollon ဘူးများ ၊ အသားဖြူမျက်နှာသစ်ဆေးများ ၊ ‌ရေမွှေးများ ၊ Serum များကို တွေ့ရှိရပြီး အချို့သော အလှကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိပြီး အချို့အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာ၌ သုံးစွဲပုံနည်းလမ်း ၊ ထားသိုသိမ်းဆည်းပုံနှင့် ၊ ကြိုတင် သတိပေးချက်များကို မြန်မာဘာသာဖြင့် ရိုက်နှိပ်၍ ထပ်ပိုးလွှာဖြင့် ကပ်ထားကြောင်း တွေ့ရှိရပြီး အမျိုးအမည်နှင့် အသားတင်ပမာဏတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရှိရသည့်အတွက် အလှကုန်ဆိုင်ပိုင်ရှင်များအား မည်သည့်အလှကုန်မဆို FDA ထောက်ခံချက်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိမှသာ ဝယ်ယူရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)