သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ကြက်မောက်သီးဈေးနှုန်း

Powered by Drupal
ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ ကြက်မောက်သီးကိုလည်း မန္တလေးမြို့နှင့်လားရှိုးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်မောက်သီးသည် အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး အပူပိုင်း ဒေသ များမှာ ပေါက်ရောက်တဲ့ အပင်ကြီး တစ်ပင်ဖြစ်ပါသည်။ ကြက်မောက်သီး မှာ အဟာရဓါတ် များစွာ ပါဝင် သည့်အတွက် ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။ ဘယ်လို အထောက်အကူတွေ ဖြစ် သလဲဆိုရင် ကိုယ်ခံအားကိုကောင်းစေခြင်း၊ နှလုံးကျန်းမာခြင်း၊ ကြွက်တက်တာသက်သာစေခြင်း၊ ဝမ်း ချုပ်တာသက်သာစေခြင်း၊ အရိုးများကိုသန်မာစေခြင်း၊ သွေအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေး ခြင်း နှင့်ဆီလမ်းကြောင့်းပိုဝင်တာကို သက်သာစေခြင်း စသည့် ကျန်းမာရေးအထောက်အကူ ဖြစ်စေ ကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေ‌သော ကြက်မောက်သီး ဈေးနှုန်း အနေဖြင့် ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)လုံးနှင့် ကြက်မောက်သီး အသေး တစ်လုံးလျှင် (၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄)လုံးတို့ဖြင့် ရောင်းချလျက် ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)