စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

            ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ရာဇာစွမ်းအားစု   Tissue ထုတ်လုပ်ရေးလုပ်ငန်း၊ ဂဠာန်မင်းငရုပ်ဆီထုတ်လုပ်ရေးလုပ်ငန်း၊ ရွှေငါးမုန့်ဖုတ်လုပ်ငန်းနှင့် သဇင်မုန့်မျိုးစုံဖြန့်ချီရေးလုပ်ငန်းတို့မှ လုပ်ငန်းရှင်(၄)ဦးအား (၃-၈-၂၀၂၂)ရက်နေ့တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)မှ စစ်တွေမြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

       စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)မှ ဆွေးနွေးရာတွင် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များအား ထုတ်လုပ်သည့်ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် စီမံဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တာဝန်ယူမှု/တာဝန်ခံမှုရှိစေရန်၊ ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူအပေါ်အာမခံချက်ပေးရန်နှင့် အာမခံပေးမှုအပေါ် စားသုံးသူမှ တောင်းဆိုနိုင်သည့် အခွင့်အရေးများသိရှိစေရန်၊ ၎င်းအပြင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ပါညွှန်ကြား ချက်အရ ကုန်ပစ္စည်းများပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)