
ယခုနှစ်၏ ပထမ နှစ်ဝက်တာကာလတွင် ကမ္ဘောဒီးယားသည် Angkor Archeological Park သို့လည်ပတ်ရန်အတွက် လက်မှတ်များရောင်းချမှုမှတစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆.၃ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း တရားဝင်အစီရင်ခံစာအရ သိရပါသည်။ ယူနက်စကိုစာရင်းဝင် Angkor သည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လကာလအတွင်း နိုင်ငံခြားခရီးသွား ၅၆၇၆၇၃ ကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၈.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံတော်ပိုင် Angkor Enterprise ၏ တင်ပြချက်အရ သိရပါသည်။ Angkor Archeological Park တွင် ၉ ရာစုမှ ၁၃ ရာစုကြားတွင်တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ခုတည်ရှိပြီး ကမ္ဘောဒီးယား၏ အကျော်ကြားဆုံးခရီးသွားဦးတည်ရာနေရာဖြစ်ကြောင်း သိရပါသည်။ ဖနွမ်းပင် တက္ကသိုလ်၏ နိုင်ငံတကာလေ့လာရေးနှင့် အများပြည်သူမူဝါဒအသင်းရှိကထိက Thong Mengdavid က ၂၀၂၅ ကမ္ဘောဒီးယား-တရုတ်ခရီးသွားနှစ်သည် တရုတ်ခရီးသွားများအား Angkor သို့ ပိုမိုလာရောက်ရန်ဆွဲဆောင်ရေး ကူညီပေးနိုင်မည်ဟုယုံကြည်ကြောင်းနှင့် ထိုသို့မြင့်တက်နိုင် ခြင်းသည်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ တိုက်ရိုက်လေကြောင်းလိုင်းများနှင့် အုပ်စုခရီးသွားအစီအစဉ်များမှတစ်ဆင့် နိုင်ငံသို့ဝင်ရောက်ရန်ပိုမိုလွယ်ကူခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Khmer Times
DOCA (ရန်ကုန်)