
၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် ထိုင်းနိုင်ငံသို့နိုင်ငံခြားခရီးသွားလာရောက် လည်ပတ်မှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၄.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုကာလ အတွင်းနိုင်ငံခြားခရီးသွား ၁၆.၆၁ သန်းလာရောက်လည်ပတ်ခဲ့ပြီး မလေးရှားက လည်ပတ်သူ ၂.၂၉ သန်းဖြင့် ထိပ်ဆုံးမှဦးဆောင်ခဲ့ကာ ၎င်းနောက်တွင် တရုတ်က ၂.၂၅ သန်းဖြင့် ဒုတိယနေရာ ကရပ်တည်နေကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဘဏ်ကလည်းယခုနှစ်အတွက် နိုင်ငံခြားခရီးသွား လာရောက်လည်ပတ်မှုခန့်မှန်းချက်ကို ၃၇.၅ သန်းမှ ၃၅ သန်းထိလျှော့ချခဲ့ကြောင်း သိရပါသည်။ မေလတွင် နိုင်ငံ၏စီးပွားရေးသည် ခရီးသွားကဏ္ဍနှေးကွေးမှုနှင့် ကုန်ထုတ်လုပ်မှုကျဆင်းမှု ကြောင့် အားပျော့ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် ကိုဗစ်ကပ်ရောခါမတိုင်မီ ၂၀၁၉ ခုနှစ် က စံချိန်တင်ခရီးသွား သန်း ၄၀ နီးပါးရရှိခဲ့ကြောင်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)