ကလေးအသုံးအဆောင်ပစ္စည်းများအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal
ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၃.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌ နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင် ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ DOCA(စစ်ကိုင်း)