
အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းရေးရာနှင့် ငါးဖမ်းလုပ်ငန်းဝန်ကြီး Sakti Wahyu Txenggono က အင်ဒိုနီးရှားနိုင်ငံ၏ ရေထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် တွင် တစ်နှစ်ထက် တစ်နှစ် ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၉၄ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ပါလီမန်အဆောက်အအုံတွင် အောက်လွှတ်တော် ကော်မရှင် IV နှင့် တွေ့ဆုံစဉ် Sakti Wahyu Txenggono က ရေထွက်ပစ္စည်း တင်ပို့မှုပမာဏသည် ၂၀၂၅ ခုနှစ် သုံးလတွင်း စုစုပေါင်းတန်ချိန် ၄၃၀၀၀၀ အထိ ၂.၃ ရာခိုင်နှုန်းတိုးလာကြောင်း မှတ်ချက်ပြုခဲ့သည်။ ထုတ်လုပ်မှုအရ အင်ဒိုနီးရှားသည် ပထမသုံးလတွင် ရေထွက်ပစ္စည်းတန်ချိန် ၅.၈၇ သန်းထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။ ကဏ္ဍအသီးသီးတွင် မွေးမြူရေးငါးထုတ်လုပ်မှုမှာ ၃.၀ ရာခိုင်နှုန်း၊ ၎င်း၏နောက်တွင် ပင်လယ်ရေမှော် ၂.၂ ရာခိုင်နှုန်း ဖမ်းဆီးရမိသောငါးများ ၀.၇ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရှိရသည်။
Source : Xinhua
DOCA(ရန်ကုန်)