
မလေးရှားစားအုန်းဆီကြီးကြပ်မှုအဖွဲ့၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၁၇ ရက်နေ့ ၌ ဖော်ပြထားသည့် လှည့်လည်စာအရ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် စားအုန်းဆီကြမ်း ရည်ညွှန်း ဈေးနှုန်းသတ်မှတ်ချက်ကို တိုးမြှင့်ခဲ့ရာ ထိုသို့ပြောင်းလဲမှုက ပို့ကုန်အခွန်ကို ၉ ရာခိုင်နှုန်းသို့ မြင့် တက်လာစေမည်ဖြစ်သည်ဟု The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။
ကမ္ဘာ့စားအုန်းဆီတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် မလေးရှားသည် ဩဂုတ်လ အတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးကို တစ်တန်လျှင် ၃၈၆၄.၁၂ ရင်းဂစ်နှုန်းသို့ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လအတွက် ၎င်းရည်ညွှန်းဈေးနှုန်းမှာ တစ်တန်လျှင် ၃၇၃၀.၄၈ ရင်းဂစ်ဖြစ်ပြီး ပို့ကုန်အခွန်မှာ ၈.၅ ရာခိုင်နှုန်းဖြစ်သည်။
စားအုန်းဆီကြမ်း တင်ပို့မှုအတွက် ပို့ကုန်အခွန်နှုန်းထားသတ်မှတ်ချက်မှာ တစ်တန်လျှင် ရင်းဂစ် ၂၂၅၀ မှ ၂၄၀၀ အတွင်းဖြစ်ပါက ၃ ရာခိုင်နှုန်းမှ စတင်စည်းကြပ်မည်ဖြစ်ပြီး တစ်တန်လျှင် ရင်းဂစ် ၄၀၅၀ အထက်ဖြစ်ပါက အမြင့်ဆုံးအခွန်နှုန်းထား ၁၀ ရာခိုင်နှုန်းဖြင့် စည်းကြပ်ကောက်ခံ မည်ဖြစ်ကြောင်း သိရှိရသည်။
Source: The Edge Malaysia, 17 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)