မကွေးမြို့ပေါ်ရှိ မုန့်ဟင်းခါး/ ခေါက်ဆွဲလုပ်ငန်းများအား Mobile Lab Van ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၈၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အစားသောက်နှင့်ဆေးဝါး ကွပ်ကဲ‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး မကွေးမြို့ပေါ်ရှိ (အောင်သီရိ/ မင်းမင်းအောင်/ ချစ်စိုးလှိုင်/ မင်းသီဟ/ သီဟဇော်/ ဝင်းမိသားစု/ ကောင်းမြတ်/ ကောင်းစိန်) စသည့် မုန့်ဟင်းခါး၊ ခေါက်ဆွဲလုပ်ငန်းများအား သုံးစွဲရန်မသင့်တားမြစ်ထားသော ချွတ်ဆေးနှင့် တာရှည်ခံဆေးများ သုံးစွဲမှုရှိ/ မရှိအား ကုန်ပစ္စည်းနမူနာဝယ်ယူပြီး Mobile Lab Vanဖြင့် ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ မုန့်ဟင်းခါးဖို(၈)ခုအား Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ အစားအသောက်များတွင် သုံးစွဲရန်မသင့်သော တာရှည်ခံဆေးနှင့် ချွတ်ဆေးများ သုံးစွဲထားခြင်းမရှိကြောင်း သိရှိရပါသည်။ DOCA(မကွေး)