သပြုကျောင်း မုန့်ဈေးတန်းရှိမုန့်များအား ကုန်အညွှန်းအမှတ်အသား ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ (၃-၇-၂၀၂၅) ရက် ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ရှိ ၅ရပ်ကွက်ရှိ အ.ထ.က.(၁) အခြေခံပညာအထက် တန်းကျောင်း ၌ ကျောင်းမုန့်ဈေးတန်း (၇)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ က သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ အချိုရည်နှင့် ယိုမျိုးစုံ၊ အသင့် ဖျော်ကော်ဖီ လက်ဖက်ရည်ထုတ်၊ အသင့်စားခေါက်ဆွဲခြောက်ထုတ် အမျိုးမျိုး၊ အသင့်စားမုန့်အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ-မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူ အခွင့် အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင် သည့် အတွက် တိုင်ကြားနိုင်သည့် နေရာများ၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center 1535 အကြောင်းများ မုန့်ဆိုင်လုပ်ငန်းရှင်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)