ပုံမှန်ဝင်ငွေရရှိနေသော အာဆီယံသပြေ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ကျေးရွာတချို့တွင် အာဆီယံသပြေ စိုက်ပျိုးထား သည်ကို တွေ့ရှိရပါသည်။ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ သပြေပန်းများ ဝယ်ယူပြီး ဘုရားလှူ၊ အောင်အိုးထိုးပူဇော်ကြပါသည်။ မနက်မိုးလင်းသည်နှင့် စံပယ်ပန်း၊ ရွှေပန်း၊ ငွေပန်း၊ နှင်းဆီပန်း၊ အာဆီယံသပြေပန်းအစုံ ခေါင်းရွက်ရောင်းသည့် ဈေးသည်များ၊ စက်ဘီးဆိုင်ကယ်များနှင့် ရောင်းသည့် ပန်းသည်များကို ရပ်ကွက်များ၊ ဈေးများတွင် တွေ့ရှိရပါသည်။ အာဆီယံသပြေပန်း တစ်စည်းကို ၂၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း ဈေးရောင်းသူ၏ ပြောပြချက်အရ သိရပါသည်။

              တောင်ငူမြို့နယ် ဇီးဒိုင်းကျေးရွာအုပ်စု ပဲပုပ်ကျေးရွာဘေး အိမ်ခြံမြေနှင့်တွဲလျှက် မြေ ကွက်လပ် ၁.၅၀ ဧက အတွင်း စိုက်ပျိုးထေားသည့် အာဆီယံသပြေခြံအား သွားရောက်လေ့လာ ရာတွင် အာဆီယံသပြေ ပျိုးပင်ပေါက် တစ်ပင်ကို ၂၅၀၀ ကျပ်နှုန်းဖြင့် မန္တလေးမြို့ စိုက်ပျိုးရေးခြံ များမှ မှာယူ၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ပင်ကြား ၃ ပေ၊ တန်းကြား ၄ ပေဖြင့် အပင် ၁၀၀၀ စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ၆ လရှိလျှင် စတင်ခူး၍ရကြောင်း၊ အပင်ငယ်သေးချိန်တွင် အညွန့် အထွက်နည်းကြောင်း၊ သုံးနှစ်ကျော် လျှင် အညွန့်များနေ့တိုင်းခူး၍ရကြောင်း၊ အပင်များကြားတွင် ကြားပေါင်းနုတ်ခြင်း၊ မြေဩဇာ  ၁၅:၁၅ ကျွေးခြင်း၊ နွေရာသီတွင်ရေလောင်းပေးခြင်းများ လုပ်ပေးရ ကြောင်း၊ ၆ လတစ်ကြိမ် သွင်းအားစု ထည့်ပေးရကြောင်း၊ မြေဩဇာ ၂ ပြည်၊ ၁၅:၁၅ ပတ်လည် ၄ ပြည်ကို ၃၀၀၀၀ ကျပ် ကုန်ကျစရိတ်ရှိကြောင်း သိရှိရပါသည်။

              ပန်းတစ်စည်းကို ၁၃ ခက်မှ ၁၅ ခက်အထိ စည်းပါကြောင်း၊ ၁၀ စည်းလျှင် ၇၀၀ ကျပ်ဖြင့် ပန်းခြံသို့ လာဝယ်သူရှိပါကြောင်း၊ တစ်ရက်လျှင် ၃၀၀၀ ကျပ်ဖိုး နေ့တိုင်းရောင်းရပါကြောင်း၊ တစ်လ လျှင် ၁၀၀၀၀၀ ကျပ်နီးပါး ဝင်ငွေရရှိပါကြောင်း၊ ပန်းပင်မျိုးထုပ်ဖိုး ကျေအေးသွားပြီဖြစ်သောကြောင့် အမြတ်ရရှိနေပါကြောင်း ပဲပုပ်ကျေးရွာမှ အာဆီယံသပြေခြံပိုင်ရှင် ဦးတင်ထွန်း၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)