ဖြူးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့စည်ပင်သာယာဈေးအတွင်း သွားတိုက်ဆေး အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ယခုနှစ်အတွင်း ဦးစားပေး စစ်ဆေးမည့်ကုန်စည် ၁၀ မျိုးကိုရွေးချယ်သတ်မှတ်ပေးခဲ့ရာတွင် တောင်ငူခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်ဖြင့် ယခုလအတွင်း သွားတိုက်ဆေးအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွန်း အမှတ်အသားများကို ဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ပါသည်။

              ဖြူးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချသော သွားတိုက်ဆေး အမျိုးမျိုးတွင် မြန်မာသာဘာဖြင့် ဖော်ပြရမည့် ကုန်အညွှန်အမှတ်အသားများကို ပြည့်စုံစွာဖော်ပြ ထားသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)