
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်သည် ခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်တွင်းမြို့နယ်တာဝန်ခံတို့နှင့် အတူ ဇူလိုင်လ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့ရှိ ဟိဏ်းကမ္ဘာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်၍ မြေပြင်အခြေအနေများကို စစ်ဆေး ကြည့်ရှုပြီး လုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဒုတိယခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မှတ်ပုံတင်ထားရှိမှုနှင့် မြေပြင်အခြေအနေများကို စစ်ဆေး ကြည့်ရှုရာ လုပ်ငန်းရှင် ဒေါ်ရွှေဝါစိုးက ရှင်းလင်းပြသပါသည်။ ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူ နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်ရန်၊ မှတ်ပုံတင်ထားရှိသည့် ကုန်စည်အမျိုး အစားများကိုသာ ရောင်းချရေးညွှန်ကြားချက်ကို အလေးထား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ပါသည်။
ဟိဏ်းကမ္ဘာ ဖိနပ်နှင့်အိတ်အမျိုးမျိုး အရောင်းဆိုင်သည် အိတ်၊ ဖိနပ်နှင့် ဖက်ရှင်အသုံး အဆောင်ပစ္စည်းများကို အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်၊ နဝဒေးလမ်းတွင် ဆိုင်ဖွင့်လှစ်ရောင်းချသည့် အပြင် အွန်လိုင်းစနစ်ဖြင့်လည်းရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)