
ဧရာဝတီတိုင်ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် အိမ်မဲမြို့နယ် စားအုန်းဆီကိုယ်စားလှယ်များထံသို့ပေးပို့ သောစာအုန်းဆီများကို ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီ၏ (ယာဉ်အမှတ် 1L-3908) မော်တော်ယာဉ်ဖြင့် စားအုန်းဆီစုစုပေါင်း (၂၅)ပေပါ အိမ်မဲမြို့သို့ ရောက်ရှိလာမှုကို သွာရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ရောက်ရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)