အင်ဒိုနီးရှားနိုင်ငံသည် နေ့စဉ် ဆီထုတ်လုပ်မှုအား စည်ပေါင်း ၁ သန်းအထိ မြှင့်တင်နိုင်ရန် ရည်မှန်းထား

Powered by Drupal
အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို အားကောင်းစေရန်အတွက် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ သန်းအား ၂၀၂၉ သို့မဟုတ် ၂၀၃၀ ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဆိုင်ရာ ဒုဝန်ကြီး Yuliot Tanjung က ဇူလိုင်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ရည်မှန်းချက်အောင်မြင်ရန် အစိုးရမှ စည်ပေါင်း ၅၈၀၀၀၀ မှ ၆၀၀၀၀၀ ကြားရှိသည့် ပြည်တွင်း ရေနံထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ အစိုးရမှ၎င်းတို့၏ ထုတ်လုပ်မှုကို မြှင့်တင်ရန် လုပ်ငန်းနယ်ပယ် များရှိ ပူးပေါင်းဆောင်ရွက်ရေးကန်ထရိုက်တာများကို တိုက်တွန်းခဲ့သည်။ လုပ်ငန်းဆောင်ရွက်မှု ထိရောက်မှုနှင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ရန် ထိုကန်ထရိုက်တာများအား နည်းပညာရောင်းချ သူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် Tanjung မှ အကြံပြုထားသည်။ လက်ရှိ အင်ဒိုနီးရှားနိုင်ငံ၏ နေ့စဉ်ရေနံဆီသုံးစွဲမှုသည် စည်ပေါင်း ၁.၆သန်းရှိပြီး သွင်းကုန်များအပေါ် မှီခိုမှုကို လျှော့ချရန် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်လျက်ရှိကြောင်း သိရသည်။ Source : Xinhua DOCA(ရန်ကုန်)