မြိတ်ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များမှ မြိတ်မြို့ရှိ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်(၉း၃၀)မှ (၁၁း၃၀)အထိ မြိတ်ခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်နှင့် ဆိပ်ငယ်ရပ်ကွက်ရှိ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များ၊ ရေလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်နှင့် ဆေးဝါးအရောင်းဆိုင် ပစ္စည်းသိုလှောင်ရုံများအား ကွင်းဆင်းပြီး တရားမဝင် တင်သွင်းလာသော ပစ္စည်းများရှိ/မရှိနှင့် ကုန်စည်များအား တရားဝင်အခွန်ပေးဆောင်ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပြည့်စုံသော ကုန်စည်များအား သိုလှောင်ခြင်း ရောင်းချခြင်းပြုလုပ်ရန် အဆမတန်စျေးနှုန်းမြင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ DOCA(တနင်္သာရီ)