ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇွန်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှု ရှိ/မရှိဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများကဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ပခုက္ကူခရိုင်အနေဖြင့် ဇွန်လအတွင်းတွင် ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့မှဦးဆောင်၍ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် သောက်ရေ သန့်အမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့တွင် မြို့မဈေးနှင့် မြို့ပေါ် ရပ်ကွက်များရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် (၅)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်း ရပ်ကွက်ရှိ စတိုးဆိုင်တွင်(၁)ကြိမ်၊ ဂန့်ဂေါမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် (၁)ကြိမ်၊ စုစုပေါင်းဈေးကွက် စောင့် ကြည့်စစ်ဆေးခြင်း(၇)ကြိမ်၊ ဈေးကွက်မရောက်မီ ဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း ရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၂)ကြိမ်၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံချက်မပါရှိသော Sprite အစိမ်းရောင်ပလတ်စတစ်ဘူး အချိုရည်များ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ပခုက္ကူမှ (၂)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ (၁)ကြိမ်၊ Signal သွားတိုက်ဆေးအတုများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ပခုက္ကူမှ(၁)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ (၁)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီနှင့် စက်သုံးဆီအား သတ်မှတ် ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကွင်းဆင်းခဲ့ကြပြီး ဌာန ၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အကြောင်းအရာ များကို အသိပညာပေးခြင်း၊ မိမိတို့ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်စေရန်တို့ကို အသိပညာပေးခြင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍ အနေဖြင့်လည်း ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသောက် ဆိုင်များသို့ သွားရောက်၍ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား အသိပညာပေး ဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(မကွေး)